၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ နေပြည်တော်ရှိ အထင်ကရနေရာများ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၃
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သော
တပ်မတော် (ကြည်း၊ရေ၊လေ) စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊
စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာ လူရည်ချွန်ဆုရရှိသူများနှင့်
မိဘများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်
တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌
စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ
တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊
မုစလိန္ဒအိုင်နှင့် သာသနိကအဆောက်အအုံများကို ဖူးမြော်ကြည်ညိုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ကျောင်းသား ကျောင်းသူများနှင့်
မိဘများသည် တပ်မတော် စစ်သမိုင်းပြတိုက် နေပြည်တော်သို့ သွားရောက်လေ့လာကြသည်။ တပ်မတော်
စစ်သမိုင်းပြတိုက်(နေပြည်တော်) ရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ)ပြခန်းများ၊ လက်ရုံးတပ်ဖွဲ့ညွှန်ကြား
ရေးမှူးရုံးပြခန်းများနှင့် ပြင်ပ ပြကွက်များကို လေ့လာကြည့်ရှုကြရာ ပြတိုက်တာဝန်ရှိသူများက
ကဏ္ဍအလိုက် ပြခန်းပြကွက်များ နှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြောကြားသည်။ ထို့နောက်
နိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး
တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီအား မော်ကွန်းတင်
ကမ္ပည်းရေးထိုးထားရှိသည့် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ဂါရဝပြု အလေးပြုကြကြောင်း
သိရသည်။
သတင်းစဉ်

No comments