ဆီကြိတ်ခွဲသန့်စင်စက်ရုံ တည်ဆောက်သွားမည်

 


တောင်ကြီး စက်တင်ဘာ ၃

 

ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီဖူလုံရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆီကြိတ်ခွဲသန့်စင် စက်ရုံတည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

ညှိနှိုင်းဆွေးနွေး

ဆီကြိတ်ခွဲ သန့်စင်စက်ရုံ တည်ဆောက်ဆောင်ရွက်ရေး၊ ပြည်နယ်အတွင်း စိုက်ပျိုးရေး/ မွေးမြူရေး/ ဆီဖူလုံရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ဒေသတွင်း ဆီဖူလုံရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လိုအပ်သည်များ မှာကြားသည်။

 

လက်ရှိ ရှမ်းပြည်နယ်တစ်ခုလုံး ပဲပုပ်စိုက်ဧက ၁၇၀၀၀၀ ကျော်ရှိသော်လည်း လုပ်ငန်းသုံးနှင့် ပုံမှန်ဆီကြိတ်စက်များမှ ကြိတ်ခွဲမှုများသာရှိကြောင်း၊ ပြည်နယ်အတွင်း ဆီဖူလုံရေးအတွက် တစ်ရက် ကုန်ကြမ်းတန် ၁၀၀ ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီစက်လည်ပတ်ပါက တစ်ရက် ဆီ ၁၈ တန်ခန့် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.