နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ရန်ကုန် စက်တင်ဘာ ၃
နီပေါနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆
ရက်တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှု
ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးရန် ရန်ကုန်မြို့
တာမွေမြို့နယ် နတ်မောက်ရိပ်သာလမ်း အမှတ် ၁၆ ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးသို့
ယနေ့မွန်းလွဲ ၂ နာရီတွင် သွားရောက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ
နီပေါနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်၍
နီပေါနိုင်ငံတွင် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း
သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments