ဗီယက်နမ်နိုင်ငံက ငါးရက်ကြာအားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည် ၆ ဒသမ ၅ သန်းခန့် ကြိုဆိုခဲ့
ဟနွိုင်း စက်တင်ဘာ ၃
ဗီယက်နမ်နိုင်ငံက ဩဂုတ်
၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ငါးရက်ကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက် ကာလအတွင်း ခရီးသွားဧည့်သည်
ခန့်မှန်းခြေ ၆ ဒသမ ၅ သန်းခန့်ကို ကြိုဆိုခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက
၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဗီယက်နမ်ခရီးသွားလုပ်ငန်းဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ကို
ကိုးကား၍ ဗီယက်နမ်သတင်းဌာနက ယနေ့ သတင်းဖော်ပြခဲ့သည်။
တောင်ပိုင်းဒေသ၏ အဓိကမြို့ကြီးဖြစ်သော
ဟိုချီမင်းမြို့သည် ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ပြီး အဆိုပါ ကာလအတွင်း ခန့်မှန်းခြေခရီးသွားဧည့်သည် ၁ ဒသမ ၇၁ သန်းခန့် ဝင်ရောက်ခဲ့ရာ
ယခင်နှစ်ကာလတူထက် ၁၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ဟိုချီမင်းမြို့၏ စုစုပေါင်းခရီးသွားလုပ်ငန်းမှရရှိသည့်
ဝင်ငွေမှာ ဗီယက်နမ် ဒေါင် ၄ ဒသမ ၉ ထရီလီယံခန့် (အမေရိကန် ဒေါ်လာ
၁၉၁ ဒသမ ၃ သန်းခန့်) ရှိခဲ့ပြီး ၁၈ ဒသမ ၃၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း
သိရသည်။
ထို့ပြင် အခြားသော ဒေသပေါင်း
၁၀ ခုမှလည်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုပမာဏသည် ဗီယက်နမ်ဒေါင် ၁ ထရီ လီယံ
(အမေရိကန်ဒေါ်လာ ၃၉ သန်းခန့်) ကျော် ရရှိခဲ့သည်။
မြို့တော် ဟနွိုင်း၊
ဟိုချီမင်းမြို့နှင့် အလယ်ပိုင်းဒေသရှိ ဒါနန်းမြို့တို့သည် ခရီးသွားဧည့်သည်ဝင်ရောက်မှု
အများဆုံး စာရင်းတွင်ရပ်တည်နေပြီး မြို့တစ်မြို့ချင်းစီ၏ ခရီးသွားလုပ်ငန်းဆိုင်ရာဝင်ငွေမှာ
ဗီယက်နမ်ဒေါင် ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇ သန်းခန့်)
ကျော်စီရှိခဲ့ကြောင်း သိရသည်။
ကိုးကား
- ဆင်ဟွာ
ဘာသာပြန်
- အောင်ကျော်ကျော်

No comments