သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းဖြန့်ဖြူးရောင်းချ
မန္တလေး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် ဓာတ်မြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကြီးကြပ်
ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး မိုးစပါးနှင့်မိုးသီးနှံများအတွက် သီးနှံပေါ်ပေးစနစ်ဖြင့်
တောင်သူများအား ဓာတ်မြေဩဇာစုပေါင်းဖြန့်ဖြူးရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ရေကန်ကျေးရွာ
နည်းပညာပြန့်ပွားရေးစင်တာ(၃)၌ ပြုလုပ်သည်။
အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာ
၂၂ အုပ်စုမှ တောင်သူ ၅၂၃ ဦးအား အာမိုကွန်ပေါင်းအိတ် ၂၀၀၀ နှင့် မာလာမြိုင်ပုလဲဓာတ်မြေဩဇာအိတ်
၂၀၀၀ တို့ကို သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်(အမရပူရ)

No comments