အမေရိကန်ပြည်ထောင်စု အတ္တလန်တာမြို့သို့ ဧရာမပန်ဒါဝက်ဝံနှစ်ကောင် ရောက်ရှိ
စက်တင်ဘာ ၂၈
အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာသို့ တရုတ်နိုင်ငံမှ ဧရာမပန်ဒါဝက်ဝံနှစ်ကောင် ရောက်ရှိလာခဲ့သည်။ အမေရိကန်နိုင်ငံသို့ မကြာသေးမီကသွားရောက်ခဲ့စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုပန်ဒါနှစ်ကောင်ကို တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး သံတမန်များ အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။
အမေရိကန်ရုပ်သံဌာန စီအင်န်အင်န် CNN က တရုတ်အစိုးရထံမှ ငှားရမ်းထားသော ပန်ဒါနှစ်ကောင်သည် တိရစ္ဆာန်ရုံသို့ ရောက်ရှိလာသည်ဟု ယမန်နေ့က ဖော်ပြခဲ့သည်။ ပန်ဒါပုံနှင့် အလှဆင်ထားသော ထရပ်ကားတစ်စီးသည် ထိုပန်ဒါနှစ်ကောင်ကို လေဆိပ်မှ ခေါ်ဆောင်သွားနေသည့် မြင်ကွင်းကို ၎င်းဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။
စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် ပင်ပင်အမည်ရှိ ပန်ဒါအထီးနှင့် ဖူရွှမ်းအမည်ရှိ ပန်ဒါအမတို့ကို မွေးမြူခဲ့ကြသည်။
အမေရိကန်သို့ ပန်ဒါငှားရမ်းခြင်းအစီအစဉ်သည် ၁၉၇၂ ခုနှစ်က သမ္မတ ရစ်ချက်နစ်ဆင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၅၀ ကျော်ကြာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသင်္ကေတအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သမ္မတရှီက ယခုလအစောပိုင်းတွင် အမေရိကန်-တရုတ်ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပသော ကြိုဆိုပွဲအခမ်းအနားတွင် ပန်ဒါများအကြောင်းကို ရည်ညွှန်းပြောကြားခဲ့သည်။
ယခုအခါ ပန်ဒါခြောက်ကောင်ကို အမေရိကန်သို့ ငှားရမ်းထားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဂျပန်နိုင်ငံသည် ၁၉၇၂ ခုနှစ် ဇန်နဝါရီလက တိုကျိုမြို့ Ueno တိရစ္ဆာန်ဉယျာဉ်မှ ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် ပန်ဒါကြီး တစ်ကောင်မျှ မရှိတော့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments