စင်ကာပူအိုးပင်းဖလား ဖာနန်ဒက်ဇ် ဆွတ်ခူး
အသက် ၂၄ နှစ်အရွယ် ကနေဒါတင်းနစ်မယ် လေလာဖာနန်ဒက်စ်သည် စင်ကာပူအိုးပင်းတင်းနစ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဩစတြေးလျတင်းနစ်မယ် တာလီယာဂစ်ဆန်ကို ၇-၅၊ ၆-၀ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ဖာနန်ဒက်ဇ်သည် ဂစ်ဆင်ကို အနိုင်ရရှိရန် အချိန်တစ်နာရီနှင့် ၃၈ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရသည်။ အဆိုပါဖလားသည် ၎င်း၏ တင်းနစ်ကစားသမားဘဝတစ်လျှောက် ခြောက်ကြိမ်မြောက်
ဆွတ်ခူးရရှိသည့် ဖလားဖြစ်ကြောင်း သိရသည်။
၎င်းသည် ကွာတားဖိုင်နယ်တွင်
ပြင်သစ်အိုးပင်းဖလားဆွတ်ခူး ရရှိထားသည့် ရုရှားထိပ်တန်းတင်းနစ်မယ် အန်ဒရေဗာနှင့် ပြင်သစ်အိုးပင်းဖလားပြိုင်ပွဲတွင်
နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သည့် ခဗာလင်စကာတို့ကို အနိုင်ယူကျော်ဖြတ်ကာ
စင်ကာပူအိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မိုးဇက်

No comments