နေးရှင်းလိဂ်တွင် ဒဏ်ရာရရှိခဲ့သော အီဆတ် လီဗာပူးသို့ ပြန်လည်ရောက်ရှိလာ
ဆွီဒင်အသင်းနှင့်အတူ နေးရှင်းလိဂ်ပြိုင်ပွဲ ကစားလျက်ရှိသော လီဗာပူးအသင်း တိုက်စစ်ကစားသမား အီဆတ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုအခါ လီဗာပူးအသင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၂၇
နှစ်အရွယ် တိုက်စစ်ကစားသမား
အီဆတ်သည် ဆွီဒင်အသင်း၏ လက်ကျန်ပွဲစဉ် သုံးပွဲကို ပါဝင်ကစားနိုင်တော့မည်မဟုတ်ပေ။ အဆိုပါ
ကစားသမား၏ ဒဏ်ရာအခြေအနေကို အသင်း ဆေးအဖွဲ့က စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်သည်။ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နေးရှင်းလိဂ်ပြိုင်ပွဲ၌ ဆွီဒင်က
ရိုးမေးနီးယားကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သော ပွဲစဉ်တွင်
၎င်း၏ အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
မိုးဇက်

No comments