ကမ္ဘာ့နံပါတ်တစ် တင်းနစ်အကျော်အမော် ဆင်းနား ဒဏ်ရာကြောင့် တရုတ်အိုးပင်း လွဲချော်

 


ကမ္ဘာ့နံပါတ်တစ် အီတလီတင်းနစ် အကျော်အမော်  ဂျန်းနစ်ခ်ဆင်းနားသည် ဒူးဒဏ်ရာကြောင့် တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေ‌ကြောင်း    သိရသည်။ 

တရုတ်အိုးပင်း လက်ရှိချန်ပီယံ ဆင်းနားသည် ဩဂုတ်လက ကျင်းပခဲ့သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲကိုလည်း  ဒဏ်ရာကြောင့်   လွဲချော်ထားသူဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ဆင်းနားသည် ၂၀၂၃ နှင့် ၂၀၂၅ တရုတ်အိုးပင်း ပြိုင်ပွဲတွင် ဖလားဆွတ်ခူးရရှိထားသည်။ ၎င်းသည် ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ဖလားဆွတ်ခူးထားသည်။

မိုးဇက်

No comments

Powered by Blogger.