လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲ ကျင်းပ

 



ကျောက်ဆည် စက်တင်ဘာ ၂၀


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့ အောင်မင်္ဂလာ ဘုရားဓမ္မာရုံ၌ ပြုလုပ်သည်။


ဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များနှင့် ထုတ်ကုန်ပစ္စည်းများ ပေးအပ်သည်။


အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်ကန်ဆေးဆပ်ပြာ ဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ ခရင်မ်၊ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

No comments

Powered by Blogger.