လွိုင်လင်မြို့နယ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ U -14 ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆု‌ပေးပွဲကျင်းပ

 


လွိုင်လင်  စက်တင်ဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ အလက(၁)လွိုင်လင်နှင့် အထက(၁) လွိုင်လင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလက(၁) အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ပထမ၊ ဒုတိယ၊ တတိယနှင့် နေရာအလိုက် အကောင်းဆုံးဆုများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ပြိုင်ပွဲတွင် လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်တို့မှ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းအပါအဝင် အသင်းပေါင်း ၁၅ သင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။    

လွိုင်လင်မိုး

No comments

Powered by Blogger.