တွံတေးမြို့နယ် အိုင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်




တွံတေး စက်တင်ဘာ ၂၀


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်ကြီးကျေးရွာသို့ စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။


ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က အမှာစကားပြောကြားပြီး တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက အိုင်ကြီး ကျေးရွာ၌ ကျေးလက်ဦးစီးဌာနက ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် အမြဲတမ်းအတွင်းဝန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်ကြီးကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ လွှဲပြောင်း ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။


မျိုးလှိုင် (တွံတေး)

No comments

Powered by Blogger.