အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဟစ်ဇ်ဘိုလာလက်နက်ကိုင်များနှင့် ၎င်းတို့၏ ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်

 


ဂျေရုဆလင် စက်တင်ဘာ ၆

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ ဟစ်ဇ်ဘိုလာလက်နက်ကိုင်များနှင့် ၎င်းတို့၏ ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော လုံခြုံရေးဇုန်တစ်ခုအတွင်းရှိ အစ္စရေးတပ်ဖွဲ့များထံသို့ ဒရုန်းတစ်စင်း စေလွှတ်တိုက်ခိုက်ခဲ့ပြီးနောက်    ယခုတိုက်ခိုက်မှုများကို အစ္စရေးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။   အဆိုပါဖြစ်စဉ်ကြောင့် အစ္စရေးတပ်ဖွဲ့ဝင်များ   ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။

တိုက်ခိုက်ခံရသည့် ပစ်မှတ်များတွင် လက်နက်သိုလှောင်ရုံများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် အစ္စရေးအရပ်သားများနှင့် တပ်မတော်သားများအား  ထိခိုက်နစ်နာစေမည့်    လုပ်ရပ်မျိုးကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်လိုက်နာထိန်းသိမ်းထားလျက် ခြိမ်းခြောက်မှုများကို  ဆက်လက်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က  ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.