ကျုံပျော် - မှန်ကုန်းလမ်း ပျက်စီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

 


ကျုံပျော် စက်တင်ဘာ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်၍ပျက်စီးခဲ့ရသော ကျုံပျော် - မှန်ကုန်းလမ်း ကျောက်လမ်းပျက်စီးနေမှု အခြေအနေကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ် တာဝန်ခံများက လမ်းပျက်စီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.