နည်းပြ အာတီတာ ချန်ပီယံအာဆင်နယ်နှင့် သက်တမ်းတိုးရန် သဘောတူညီမှုရရှိ
နည်းပြ မီခေးလ်အာတီတာသည် ပရီမီယာလိဂ်ချန်ပီယံ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။
စပိန်လူမျိုးနည်းပြ၏
လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရေး
အတွက် လပေါင်းများစွာကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ သက်တမ်းတိုးရန်
သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သက်တမ်းတိုးကာလကို အတည်ပြုဖော်ပြထားခြင်း
မရှိသေးပေ။
၎င်းသည် စာချုပ်အသစ်အရ
လက်ရှိလုပ်ခလစာ တစ်နှစ်လျှင် ပေါင် ၁၀ သန်းအပြင် အပိုဆုကြေးပေါင် ငါးသန်း တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း
သိရသည်။ အာဆင်နယ်အသင်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အာတီတာကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ အာတီတာသည် ပြီးခဲ့သည့်ရာသီတွင် အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၀ အတွင်း
ပထမဆုံးအကြိမ် ပရီမီယာလိဂ်ဖလားကို
ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားသည်။ ထို့အပြင် ၎င်းသည် ၂၀၁၉-၂၀၂၀ ရာသီတွင်လည်း အာဆင်နယ်အသင်းကို အက်ဖ်အေဖလားဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားသည်။
အသက် ၄၄ နှစ်အရွယ် အာတီတာသည်
အာဆင်နယ်အသင်းကို ပွဲပေါင်း ၃၆၁ ပွဲ တာဝန်ယူကိုင်တွယ်ထားပြီး ၂၂၄ ပွဲအထိ နိုင်ပွဲရရှိကာ
၇၇ ပွဲသာ ရှုံးနိမ့်ထားသေးသည်။ အာဆင်နယ်အသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၆)အဖြစ် လာမည့် အောက်တိုဘာ ၁၀ ရက်တွင် လိဒ်စ်အသင်းနှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လက်ရှိ ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် အာဆင်နယ်အသင်းသည် ငါးပွဲကစားပြီး ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၂ တွင် ရပ်တည်နေသည်။
အောင်ဇော်

No comments