အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀/၂၀၂၆)



၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

၁။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam) နှင့် ဂိုလ်ပါပူမြို့ (Gopalpur) တို့အကြား ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) ၏ အနောက်တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက်ဖြတ်ကျော်လျက်ရှိကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

 

၂။ ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

 

Crd> မိုး/ဇလ

No comments

Powered by Blogger.