ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့် ကမ္ဘာ့အဆင့် (၂) ဇဗဲရက်ဗ် တက်ရောက်
ကမ္ဘာ့အဆင့် (၂) ဂျာမနီတင်းနစ် အကျော်အမော် အလက်ဇန်းဒါး ဇဗဲရက်ဗ်သည် ယူအက်စ်အိုးပင်း တင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် တာဘီလိုကို ၆-၂၊ ၇-၆(၇-၂)၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့် တက်လှမ်းနိုင်ခဲ့သည်။ ဇဗဲရက်ဗ်သည် ဇွန်လက ကျင်းပခဲ့သည့် ပြင်သစ် အိုးပင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဖလာဗီယို ကိုဘော့လီကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဖလား ဆွတ်ခူးထားသည်။ ဇဗဲရက်ဗ်နှင့်အတူ ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ အယ်ကာရက်ဇ်၊ မက်ဗီ ဒက်ဗ်၊ စစ်ဆီပက်စ်၊ တီယာဖိုး၊ ခါချာနော့ဗ် စသည့် ထိပ်တန်းတင်းနစ်အကျော်အမော်များ တက်ရောက်နိုင်ခဲ့သည်။
မိုးဇက်

No comments