စပိန်ကွင်းလယ်ကစားသမား မားကို့စ် လော်ရန်တေး နိုင်ငံတကာကစားသမားဘဝမှ အနားယူ
အက်သလက်တီကိုမက်ဒရစ်အသင်း ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေးသည် စပိန်အသင်းကို ကမ္ဘာ့ဖလား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် နှစ်လအကြာတွင် နိုင်ငံတကာကစားသမားဘဝမှ အနားယူခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
စပိန်အသင်းအတွက် ၂၇
ပွဲ ပါဝင်ကစားထားသော အသက် ၃၁ နှစ်အရွယ် လော်ရန်တေးက ကြိမ်ဖန်များစွာ စဉ်းစားပြီးနောက်
နိုင်ငံအသင်းနှင့် ကစားသမားဘဝကို အဆုံးသတ်ရန် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရကြောင်း ပြောသည်။
ထို့ပြင် ၎င်းက စပိန်အသင်းကမ္ဘာ့ဖလား
မဆွတ်ခူးနိုင်ခဲ့လျှင်ပင် အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်လိမ့်မည်ဟုလည်း ဆက်ပြောသည်။
အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်
၎င်း၏ လက်ရှိစာချုပ်သက်တမ်းသည် ၂၀၂၈ ခုနှစ် ဇွန်လအထိ ချုပ်ဆိုထား သည်။ ၎င်းသည် ယခင်ကလည်း
၂၀၃၀ ပြည့်နှစ်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝမှ အနားယူရန် အစီအစဉ်ရှိကြောင်း ပြောကြားထားသူဖြစ်သည်။
မိုးဇက်

No comments