ဟော်မုဇ်ရေလက်ကြားအခြေအနေကြောင့် လူပေါင်း ၄၅ သန်း စားနပ်ရိက္ခာမဖူလုံမှု ကြုံတွေ့နိုင်
နယူးယောက် စက်တင်ဘာ ၂၇
ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးက ဟော်မုဇ်ရေလက်ကြားအတွင်း ဖြစ်ပေါ်နေသောအခြေအနေများကြောင့် ကမ္ဘာတစ်ဝန်း၌ ဓာတ်မြေဩဇာပြတ်တောက်မှုဆီသို့ ဦးတည်နေပြီး လူပေါင်း ၄၅ သန်းမှာ အလွန်ဆိုးရွားသော
စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံတွေ့နိုင်ကြောင်း ပြောသည်။
ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏
အလုပ်အမှုဆောင်ဒါရိုက်တာ ဂျော့မိုရီယာဒါ ဆေးလ်ဗားက တစ်ရက်လျှင် အရေးပါသော ရေလမ်းကြောင်းမှတစ်ဆင့်
ဓာတ်မြေဩဇာတင်ဆောင်သည့် သင်္ဘောငါးစင်းမှ ခုနစ်စင်းခန့်အထိ ဖြတ်သန်းခွင့်ပြုရုံမျှဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရှောင်လွှဲနိုင်မည် ဖြစ်ကြောင်း စက်တင်ဘာ
၂၅ ရက်က ပြောကြားသည်။
ကမ္ဘာ့မြေဩဇာကုန်သွယ်မှု၏
သုံးပုံတစ်ပုံသည် ယင်းရေလက်ကြားကို ဖြတ်သန်းသွားလာကြောင်း ကုလသမဂ္ဂက ပြောသည်။ ပဋိပက္ခဖြစ်ပွားမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သယ်ယူပို့ဆောင်ရေးကို ရပ်တန့်စေသည့် အကြောင်းရင်းတစ်ခုမဖြစ်သင့်ကြောင်း
ဆေးလ်ဗားက ပြောသည်။
အင်န်အိတ်ချ်ကေ

No comments