တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်၊ စားရိပ်သာနှင့် ကျောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများ ပြုပြင်မွမ်းမံလျက်ရှိ
တီးတိန် စက်တင်ဘာ ၁၀
တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့်
ပျက်စီးသွားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စာသင်ဆောင်နှင့် စားရိပ်သာ၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှု
သင်တန်းကျောင်း၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်သာသနာရေးမှူးရုံး
လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ၊ ခုတင် (၁၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာဆောင်သစ်၊
သမဝါယမဦးစီးဌာန ဝန်ထမ်းအိမ်ရာနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးတို့ကို ပြုပြင်မွမ်းမံမှုများ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမွမ်းမံဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
သန့်ဇော်လွင် ဦးဆောင်သော ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဦးဝင်းဇော်ဦးနှင့် ကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း
သဒ္ဓမ္မဇောတိကဓမ္မ ဗိမာန်တော်၌ ဆရာတော် အရှင်ပုညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဒုတိယဝန်ကြီးက သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ
လျှောက်ထားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
တီးတိန်မြို့ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ငြိမ်းချမ်းစွာ
ပညာသင်ကြားနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး အားပေးစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး အလုံးစုံပျက်စီးမှုကို လည်းကောင်း၊
တီးတိန်မြို့ ခွာဒိုခန်းမ၌ ယာယီဖွင့်လှစ်ထားသည့် မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်များ
ဆောင်ရွက်ပေးမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများအား
နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments