ပေါက်ခေါင်းမြို့နယ်၌ ကျေးလက်လမ်း၊ တံတား ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
ပေါက်ခေါင်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ
အင်ဂျင်နီယာချုပ်သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူများနှင့်အတူ ပေါက်ခေါင်းမြို့နယ်
ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့်
ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတား ဆောင်ရွက်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက
ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်
မြောက်လက်ကြီး-ရှားစေးဖို-ရသေ့ကျေးရွာချင်းဆက်လမ်း လမ်းတာပေါင်ချဲ့တင်၍ ကျောက်ချောခင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လောမင်းကို(ပြန်/ဆက်)

No comments