ဖြူးမြို့နယ်၌ ကျေးရွာမြေငှားဂရန်များ ပေးအပ်
ဖြူး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ရေသျှံကြီးကျေးရွာ၏
မြေငှားဂရန်များပေးအပ်ပွဲကို စက်တင်ဘာ ၂ ရက်က ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌
ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ခရိုင်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်
ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ အိမ်ထောင်စု
၈၅ စုအတွက် မြေငှားဂရန်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments