ပုသိမ်မြို့၌ ခွေးနှင့်ကြောင်များအား ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံပေး
ပုသိမ် စက်တင်ဘာ ၂၇
အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုသိမ်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စက်တင်ဘာ ၂၇ ရက်နှင့်၂၈ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ခွေးနှင့်ကြောင်များအား အခမဲ့ခွေးရူး ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့တွင် ပုသိမ်မြို့ရှိ ခွေး ၃၂၁ ကောင်နှင့် ကြောင် ၄၈ ကောင်တို့အား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အောက်တိုဘာ ၁ ရက်တွင် ကြခတ်ချောင်ကျေးရွာ၊ အောက်တိုဘာ ၂ ရက်တွင် ရွှေမြင်တင်ကျေးရွာနှင့် အောက်တိုဘာ ၄ ရက်တွင် ရွှေသောင်ယံမြို့၌ ကွက်ပြည့်ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)

No comments