M-League ရပ်နားထားသည့်ကာလတွင် ဟံသာဝတီ ယူနိုက်တက်နှင့် ရန်ကုန်စီးတီး ခြေစမ်းပွဲကစား

 


ရန်ကုန်   စက်တင်ဘာ   ၂၇

စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်ကြောင့် M-League ပြိုင်ပွဲ ခေတ္တရပ်နားထားသည့်ကာလတွင် မြန်မာလိဂ် ကလပ်နှစ်သင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာကွင်း၌ ခြေစမ်းကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။

နှစ်သင်းစလုံးတွင် မြန်မာ့လက်ရွေးစင်အသင်းသို့ ပေးထားရသည့် ကစားသမားများမှလွဲ၍ ကျန်ကစားသမားများဖြင့် ယှဉ်ပြိုင်ကစား ခဲ့သည်။ ရန်ကုန်စီးတီးအသင်းတွင် နိုင်ငံခြားသားကစားသမားများလည်း ပါဝင်ကစားခဲ့ပြီး သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ယခုရာသီ M-League ပြိုင်ပွဲကို ပွဲစဉ်(၂) အပြီးတွင် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး   ရန်ကုန်စီးတီးအသင်းက   နှစ်မှတ်၊   ဟံသာဝတီယူနိုက်တက်အသင်းက  တစ်မှတ်ရရှိထားသည်။  ပွဲစဉ် (၃)ကို အောက်တိုဘာ ၉ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-ML

No comments

Powered by Blogger.