သဖန်းဆိပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအား ကွင်းဆင်းစစ်ဆေး
ကျွန်းလှ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို စက်တင်ဘာ ၂၆ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ရှိသူများက Switchyard များအတွင်း ရေဝင်ရောက်မှုရှိ မရှိ၊ ရေယူအဆောက်အအုံကရိန်း(အကြီး) ကို မိုးကာဖြင့် စနစ်တကျ ကာရံထားရှိမှုနှင့် စက်ရုံအတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)

No comments