M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ကြိုကန်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်း နောက်ကျဂိုးဖြင့် အနိုင်ရ

 


ရန်ကုန်   စက်တင်ဘာ   ၂၇

M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ် (၂၃) မှ ကြိုကန်ပွဲဖြစ်သည့်  ဒဂုံစတားယူနိုက်တက်အသင်းနှင့်  Galaxy   အသင်းပွဲကို  စက်တင်ဘာ ၂၇ ရက်က YUSC ကွင်း၌ ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Galaxy အသင်းသည် နိုဝင်ဘာလတွင် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကစားရန်ရှိသောကြောင့်  ပွဲစဉ်(၂၃)မှ   ဒဂုံစတားယူနိုက်တက်အသင်းပွဲကို ကြိုကစားခြင်းဖြစ်သည်။ ဒဂုံစတား ယူနိုက်တက်အသင်းသည် ယခုပွဲတွင် အပြန်အလှန်သွင်းဂိုးများ တွေ့မြင်ခဲ့ရပြီး  နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၃၁ မိနစ်တွင် သက်နိုင်ဦးက  Galaxy အသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း သုံးမိနစ်အကြာတွင် ညီနိုင်က ဒဂုံစတားယူနိုက်တက်အသင်းအတွက်  ချေပဂိုးပြန်သွင်းသဖြင့် ပထမပိုင်းအပြီးတွင်    တစ်ဂိုးစီသရေကျနေ သည်။  မိနစ် ၆၀ တွင်  ညီနိုင်က ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးပြန်သွင်းသော်လည်း ၇၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သက်နိုင်ဦးက Galaxy  အသင်းအတွက်  ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ  အပြန်အလှန်ရှိခဲ့ပြီး  မိနစ် ၉၀ တွင် ဇေဘိုဘိုထွဋ်က ဒဂုံစတားယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။

ယခုပွဲအပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၁၆ ပွဲကစား ၃၂ မှတ်၊  Galaxy အသင်းက ၁၇ ပွဲကစား ၂၂ မှတ် ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ML

No comments

Powered by Blogger.