ငါးသိုင်းချောင်းမြို့၌ ရေလွှမ်းလယ်ဧကများ ပြန်လည်စိုက်ပျိုးမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ငါးသိုင်းချောင်း စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းမန်နေဂျာ ဦးဇော်ဝမ်း၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့ ရေလွှမ်း လယ်ဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ကြပ်ကွင်းကျေးရွာအုပ်စုရှိ တောင်သူ ဦးကံမြင့်၏ လယ် ၁၆ ဒသမ ၉၉ ဧကနှင့် ဦးထွန်းထွန်း၏ လယ် ၉ ဒသမ ၇၇ ဧကတို့အား တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ခြောက်စီးဖြင့် ထွန်ယက်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုခဲ့သည်။
ထို့နောက် ဒေါင့်ကြီးအုပ်စု မီးသွေးကုန်းကျေးရွာ တောင်သူ ဒေါ်သန်းသန်းမော်၏ လယ် ၇ ဒသမ ၁၂ ဧကကို GW-11 မျိုးစပါးအား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုများကိုလည်းကောင်း၊ ဆီဆုံ ကုန်းကျေးရွာ တောင်သူသုံးဦး၏ လယ်ခြောက်ဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)

No comments