ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲကျင်းပ

 


စစ်တွေ  စက်တင်ဘာ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်   အားကစားခန်းမ၌ ကျင်းပသည်။

ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် စစ်တွေတက္ကသိုလ်(A)အသင်းနှင့် စစ်တွေတက္ကသိုလ်(B) အသင်းတို့   ယှဉ်ပြိုင် ကစားမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဆရာ ဆရာမများ၊  ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအပြီးတွင် စစ်တွေတက္ကသိုလ်(A) အသင်းက   အနိုင်ရရှိကာ   တံခွန်စိုက်ဆုဖလားရရှိသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စပေးဘောအကောင်းဆုံးဆု၊ ရိုက်ခုတ်အကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အားကစားသမားများ၊ ဆုရရှိသည့်အသင်းများကို  တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊   ဆုငွေများနှင့် တံခွန်စိုက်ဖလားတို့ကို  ပေးအပ်ခဲ့ကြောင်း   သိရသည်။                              

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.