ချမ်းအေးသာစံမြို့နယ်၌ အမက(၄၁) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

 


မန္တလေး စက်တင်ဘာ ၂၁

 

မြန်မာနိုင်ငံ ထိုင်ဝမ်ပြန် ကျောင်းသားများအသင်းချုပ်က ဆောက်လုပ်လှူဒါန်းသော အမှတ် (၄၁) အခြေခံပညာမူလတန်းကျောင်း (၇၀ x ၃၀) ပေ Steel Structure နှစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အဆိုပါကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဖွင့်လှစ်

ဦးစွာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်၊ မဟာအောင်မြေခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ထိုင်ဝမ်ပြန် ကျောင်းသားများအသင်းချုပ်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ထိုင်ဝမ်ပြန် ကျောင်းသားများ အသင်းချုပ်ဥက္ကဋ္ဌက ကျောင်းဆောင်သစ်ကို မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)

No comments

Powered by Blogger.