မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၇ သန်း ကုန်သွယ်နိုင်ခဲ့

 




မြစ်ကြီးနား စက်တင်ဘာ ၂၇


မြစ်ကြီးနားမြို့ အဝင် ကုန်စစ်ဆေးရေးစခန်းကို နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ တရားမဝင် ကုန်သွယ်မှုများ တရားဝင် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ငွေများ ရရှိရေးအတွက် သြဂုတ် ၂၉ ရက်က စတင်ဖွင့်လှစ်၍ ကုန်စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ သွင်းကုန်/ပို့ကုန်ယာဉ် အစီးရေ ၆၁ စီး ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၇ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ စခန်းအတွင်း လုပ်ငန်းများဆောင်ရွက် နေမှုနှင့် စခန်းဧရိယာအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ထို့ပြင် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေး OSS အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ကုန်စည်စီးဆင်းမှု လုပ်ငန်း များ ပုံမှန်လည်ပတ်နိုင်ရေး၊ ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဒေသတွင်းစားသောက်ကုန် ပြတ်လပ်မှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားသည်။


ထိုသို့တွေ့ဆုံစဉ် စခန်းဖွင့်လှစ်ပြီး ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ ကုန်စစ်ဆေးရေးစခန်းအတွင်း လိုအပ်ချက်များနှင့် စခန်းအတွင်း လမ်းများတိုးချဲ့ဆောင်ရွက်မှု၊ အခြေခံ အဆောက်အအုံများ တည်ဆောက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


ဆက်လက်၍ စခန်းအတွင်း ကုန်တင်ယာဉ် ကြီးများရပ်နားနိုင်ရေး ခြံစည်းရိုးနှင့် သံပန်းတံခါး စနစ်တကျ တပ်ဆင်ကာရံဆောင်ရွက်ထားရှိမှု၊ ရေတွင်းတူးဖော်ခြင်း၊ ရေစင်၊ ရေချိုးခန်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ နားနေဆောင်တည်ဆောက်နေမှု၊ ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု အဆင်ပြေချောမွေ့စွာ ဖြတ်သန်း သွားလာနိုင်ရေး စခန်းပတ်လည်တွင် မြေသားလမ်း ပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းနှင့် ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆိုပါ လမ်းပိုင်းအတွင်း Box Culvert  တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပြီးစီးရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်ခဲ့သည်။


ချီးမြှင့်ငွေများပေးအပ်


ယနေ့ မွန်းလွဲပိုင်းတွင်လည်း ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် လက်ဝှေ့ ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင် ပြေးခုန်ပစ်အသင်းနှင့် လက်ဝှေ့အသင်း တို့ကို အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲသို့ တက်ရောက်အားပေးပြီး လက်ရွေးစင်ပြေးခုန်ပစ် အသင်းနှင့်လက်ဝှေ့အသင်း နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.