ကျောက်မဲမြို့၌ ယာဉ်စည်းကမ်းအသိပညာပေး၍ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ

 


ကျောက်မဲ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လိုက်နာရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြို့ကျက်သရေဆောင်ခန်းမရှေ့ ပင်လုံလမ်းပေါ်၌ ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

အသိပညာပေးဆွေးနွေး

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိုင်ကယ်စီးနင်းစဉ် ဦးထုပ်မဆောင်းသူများကို တားဆီး၍ ဆိုင်ကယ်စီးပါက ဦးထုပ်စနစ်တကျ ဆောင်းရေး၊ နှစ်ယောက်ထက် ပိုမိုမစီးနင်းရေး အပါအဝင် ယာဉ်စည်းကမ်းဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

 

ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀ ကို ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.