ဗီယက်နမ်၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းတင်ပို့မှုမှ ဒေါ်လာ ၅၆ ဒသမ ၃ ဘီလီယံရရှိနိုင်

 


ဟနွိုင်း   စက်တင်ဘာ   ၂၈

ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍမှ ပို့ကုန်တင်ပို့မှုမှာ   အမေရိကန်ဒေါ်လာ   ၅၆ ဒသမ  ၃  ဘီလီယံရှိမည်ဟု  ခန့်မှန်းထားရာ ယမန်နှစ်ကထက်  ၇   ဒသမ  ၈   ရာခိုင်နှုန်း မြင့်တက်လာကြောင်း  အစိုးရတရားဝင် ဝက်ဘ်ဆိုက်က    စက်တင်ဘာ   ၂၈  ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကဏ္ဍ၏ ကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံခန့်ရှိကြောင်း စိုက်ပျိုးရေး နှင့်    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုတိယဝန်ကြီး   ဗိုဗန်ဟွန်၏  ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးထုတ်ကုန်မှ ဒေါ်လာ ၂၉ ဒသမ ၂၈ ဘီလီယံ၊ သစ်တောထုတ်ကုန်မှ ဒေါ်လာ ၁၄ ဒသမ ၄၁ ဘီလီယံနှင့် ရေလုပ်ငန်းထုတ်ကုန် မှ ဒေါ်လာ ၉ ဒသမ ၁၇ ဘီလီယံရရှိကြောင်း ပြည်တွင်းမီဒီယာ  Dan Viet က ဖော်ပြထားသည်။                                          

ဆင်ဟွာ

No comments

Powered by Blogger.