နီပေါနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၀ ဦး သေဆုံး
ခတ္တမန္ဒူ စက်တင်ဘာ ၂၇
နီပေါနိုင်ငံ၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ
၁၀ ဦးအထိ ရှိလာပြီး လေးဦးပျောက်ဆုံးနေကြောင်း နီပေါရဲတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင်
ပြောသည်။ ဘက်လန်းခရိုင်ရှိ မိသားစုတစ်စုတည်းမှ လေးဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ပယ်လ်ပါ ပြည်နယ်မှဖြစ်ပြီး သုံးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ မာယာဒီခရိုင်တွင် မြေပြိုမှုကြောင့်
တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။
အခြားခရိုင်များတွင်လည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များ
ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး လူသုံးဦး ထပ်မံသေဆုံးခဲ့သည်။ ပါဘတ်ပြည်နယ်တွင်
ရေကြီးမှုကြောင့် နေအိမ် ၆၆ လုံး ရေစီးနှင့်အတူ မျောပါသွားခဲ့သည်။ ပျက်စီးဆုံးရှုံးမှုများကို
စာရင်းကောက်ယူနေဆဲဖြစ်ပြီး ဆုံးရှုံးမှုများ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း နီပေါရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နက်ထရာဘဟာဒါ
ကာကီက ပြောကြားသည်။
ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သော
ဒေသများတွင် ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း
၎င်းက ဆက်ပြောသည်။
ဆင်ဟွာ

No comments