ကျိုင်းတုံမြို့၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်စစ်ဆေးကုသပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

 


ကျိုင်းတုံ စက်တင်ဘာ ၈

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် စစ်ဆေးကုသပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၇ ရက်က ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာနီနီခိုင်က သားအိမ် ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးကုသပေးခြင်းဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်၊ ခရိုင်ဦးစီးမှူး ဒေါက်တာအိအိဝင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် ရပ်၊ ရွာ လူထုအတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးကုသပေးမည့်လုပ်ငန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး သတင်းပေး အကြောင်းကြား ဆောင်ရွက်မည့် အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရှိစေရေး ပြည်သူလူထု အခြေပြု၊ ကျောင်းအခြေပြုထိုးနှံခြင်း အစီအစဉ်များနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးရှိ သားဖွားမီးယပ်ကုသ ဆောင်တွင် ပြည်သူများအား သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်(အခမဲ့) စစ်ဆေးကုသပေးနေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.