လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်

 



လေးမျက်နှာ စက်တင်ဘာ ၂၄


ဧရာဝတီတိုင်း‌ဒေသကြီး လေးမျက်နှာ မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ရေကြီးနစ်မြုပ် ဖြစ်ပွားခဲ့သော ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက သန့်ရှင်းရေး ဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရေကြီး နစ်မြုပ်ခဲ့သော အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်းရှိ လေးမျက်နှာ မြို့နယ် ပြည်သူ့ဆေးရုံကြီးအား သန့်ရှင်းသာယာ လှပစေရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရေကျသွား၍ ဆေးရုံအတွင်း အဆောင်များရှိ တင်ကျန်ရစ်သော နုန်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆေးရုံပတ်ဝန်းကျင် ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစီး၍ စုစုပေါင်းအင်အား ၁၇၅ ဦးတို့က သန့်ရှင်းရေးဆောင် ရွက်သည်။


အလားတူ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ အိုင်သပြု (မြောက်) အ‌ခြေခံပညာမူလတန်း ကျောင်းအား ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ရေကျ သွား၍ တင်ကျန်ရစ်သောနုန်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းကို လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ နှင့် မြို့နယ်ပညာရေးဌာနမှ ငါးဦး တို့က သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဧရာဦးသာ

No comments

Powered by Blogger.