ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၂၃)ရှိ ရွိုင်ရယ်ခတ္တာဟိုတယ်သည် ဓာတ်အားခိုးယူသုံးစွဲနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တရားမဝင်
ဓာတ်အားခိုးယူသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ်
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၂၃)
ရွိုင်ရယ်ခတ္တာဟိုတယ်သည် လျှပ်စစ်မီးခိုးယူသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
မီတာကို ချက်ချင်းဖြုတ်ယူ သိမ်းဆည်းခဲ့ပြီး နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့သည့် ငွေကျပ်
၁၃၈ ဒသမ ၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်
ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင်၊ ဦးကျော်ခိုင်တို့နှင့် မန်နေဂျာ ဦးနေမင်းအောင်တို့ကို
စမ်းချောင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း
သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ
Control Center များ၏နည်းပညာ အဆင့်မြှင့်တင်လာနိုင်သည့် အတွက် လျှပ်စစ်ဓာတ်အားခိုးယူ
သုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများကို
ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို
စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့
ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက
အသိပေးကြေညာထားကြောင်း သိရသည်။
သတင်းစဉ်

No comments