လှည်းကူးမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်

 


ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးပြောကြားပြီး သင်တန်းသားများအား သင်တန်းနှင့် ဆက်စပ်ပစ္စည်းများပေးအပ်သည်။

 

အဆိုပါသင်တန်းကို သင်တန်းသား ၃၀ တက်ရောက်ကာ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)

No comments

Powered by Blogger.