တရုတ်နိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်ကုန်သွယ်ရေးပြပွဲကျင်းပမည်
ပေကျင်း စက်တင်ဘာ
၈
(၅)ကြိမ်မြောက်
ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်ကုန်သွယ်ရေးပြပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း
ဇီကျန်းပြည်နယ် မြို့တော်ဟန်ဇူး၌ စက်တင်ဘာ ၂၃ ရက်မှ ၂၇
ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဉာဏ်ရည်တုနည်းပညာကို
အထူးပြုပြသမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ဉာဏ်ရည်တုနည်းပညာ အပလီကေးရှင်းများ၊ တီထွင်ဆန်းသစ်မှုရှိသည့်
ဉာဏ်ရည်တုနည်းပညာ ဆိုင်ရာ ဂေဟစနစ်နှင့် စက်မှုလုပ်ငန်းသုံးအပလီကေးရှင်းများကို ပြသမည်ဖြစ်ကြောင်း
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်ဒေါင်က
ပြောကြားသည်။
ပြပွဲ၏ပြင်ပတွင်
ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပြိုင်ပွဲများကိုလည်း ကျင်းပမည်ဟု သိရသည်။ အဆိုပါပြပွဲတွင်
နိုင်ငံတကာမှ ဝင်ရောက်ပြသသူ ၂၀ ရာခိုင်နှုန်းရှိပြီး ဟန်ဂေရီနှင့် မလေးရှားတို့က ဂုဏ်ထူးဆောင်ဧည့်နိုင်ငံများအဖြစ်
ပါဝင်ဆောင်ရွက်မည်ဖြစ်ကာ နိုင်ငံနှင့်ဒေသပေါင်း ၁၂၁ ခုနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉
ခုတို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသည်
လက်ရှိအချိန်အထိ ဝယ်ယူသူ ၄၀၀၀၀ ကို ဆွဲဆောင်နိုင်ခဲ့ပြီး နိုင်ငံတကာဝယ်ယူမှု တန်ဖိုးအနေဖြင့်
အမေရိကန်ဒေါ်လာ ၉၇၇ သန်း အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည်
ဒီဂျစ်တယ်နည်းပညာဖြင့် ပို့ဆောင်နိုင်သော ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှု ဝေစုအနေဖြင့်
၂၀၂၉ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းကျော်နှင့် ၂၀၃၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းကျော်
ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ လမ်းညွှန်ချက် တစ်ရပ်အရ
သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ

No comments