ကန့်ဘလူမြို့နယ်၌ မိုးစပါးဧကတစ်သိန်းကျော် စိုက်ပျိုးပြီးစီး လျာထားဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိ



ကန့်ဘလူ စက်တင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းစားရေရိက္ခာ ဖူလုံစေရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၃၇၆၃ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ဧက ၁၀၂၅၅၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါမိုးစပါးများကို ဇွန်လလယ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးလာစေရန် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ် သုံးစွဲနိုင်ရေးရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ကန့်ဘလူမြို့နယ်၌ မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါးမျိုးများအဖြစ် ဆင်းသုခ၊ ရွှေသွယ်ရင်၊ ဧရာမင်း၊ မနောသုခ၊ ပေါ်ဆန်းနှင့် အောင်နိုင်တိုး စသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)



No comments

Powered by Blogger.