​တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 


တောင်ငူ     စက်တင်ဘာ   

တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို တောင်ငူခရိုင်အားကစားကွင်း၌   ယမန်နေ့မွန်းလွဲပိုင်းက  ကျင်းပသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး   အကောင်းဆုံး ချီတက်အလေးပြုအဖွဲ့  အကောင်းဆုံးဆုရ  ထန်းတပင်မြို့နယ် ဘောလုံးအသင်းအား  ဆုချီးမြှင့်သည်။ ထို့နောက် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး အေရိုးဗစ်ဖျော်ဖြေရေးအဖွဲ့က ကျန်းမာသွက်လက်သော  အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ တိုက်ကွမ်ဒိုအဖွဲ့က အားကစားစွမ်းရည်ပြ သရုပ်ပြဖျော်ဖြေခြင်းနှင့်  ဘင်ခရာတပ်ဖွဲ့၊ အလှပြပန်းဖွားအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် အုပ်စုပွဲစဉ်အဖြစ်   တောင်ငူမြို့နယ်(ကိုယ်ပိုင်အထက်တန်းကျောင်း)နှင့် ရေတာရှည်မြို့နယ်အသင်းတို့  ယှဉ်ပြိုင်ကစားရာ တောင်ငူမြို့နယ်(ကိုယ်ပိုင်အထက်တန်းကျောင်း)အသင်းက ရေတာရှည်မြို့နယ်အသင်းကို နှစ်ဂိုး  - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)

No comments

Powered by Blogger.