စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
ကြံခင်း စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်
မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာ ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား
စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါဘဏ်ရှေ့တွင် ယနေ့နံနက်ပိုင်းက သက်သာသောဈေးနှုန်းဖြင့်
ရောင်းချပေးသည်။
ထိုသို့ ရောင်းချပေးနေမှုကို မြို့နယ်
ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။
ထိုသို့ ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင်
ငွေ ၇၈၄၈ ကျပ်၊ ပေါ်ဆန်း ဆန်တစ်ပြည် ငွေကျပ် ၃၅၀၀ နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်
၅၀၀ နှုန်းတို့ဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်၊ ကြက်ဥငါးလုံးတို့ကို ဈေးနှုန်းသက်သာစွာဖြင့်
ဆန် နှစ်အိတ်၊ စားအုန်းဆီ ပိဿာ ၁၁၀၊
ကြက်ဥအလုံး ၅၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments