ဒက္ခိဏသီရိမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၂
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တိုင်းတာဝန်ခံ
အင်ဂျင်နီယာချုပ် ဦးစိုးစိုးဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း
ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
လုပ်ငန်းဆောင်ရွက်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ကူနှစ်လုံး
ဆည်စုအုပ်စု မန်ကျည်းကုန်း - ကျေးစာဥ - ပိတောက်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊
ဆည်စုကျေးရွာချင်းဆက် ကတ္တရာလမ်းတို့၏ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း
သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)

No comments