ဟင်္သာတမြို့နယ်၌ ရေဝင်ရောက်မှုကြောင့် ပီလောပီနံစိုက်ခင်းများ ပျက်စီးသွားသော တောင်သူများနှင့်တွေ့ဆုံ




ဟင်္သာတ  စက်တင်ဘာ ၂၈


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် သမုဒ္ဒရိုးကျေးရွာ ရှိ နိုင်ငံ့စီးပွားမြှင့်တင့်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း တောင်သူများနှင့် ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသောစိုက်ခင်းများသို့ စက်တင်ဘာ ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးကြည်လင်၊ ဟင်္သာတမြို့နယ် ဦးစီးမှူး ဒေါ်သဉ္ဇာခိုင်၊ မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသန်းလှိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဦးစီးမှူးက တောင်သူများ၏ ပျက်စီးစိုက်ဧကများတွင် ပြန်လည် စိုက်ပျိုးမည့်သီးနှံများနှင့် လိုအပ်သည်များ မေးမြန်း၍ စနစ်ကျသော စိုက်ပျိုးရေးနည်းစနစ်ဖြင့် အရည် အသွေးကောင်းမွန်သော ကုန်ထုတ် လုပ်မှုမြှင့်တင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင် ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.