မိုးသည်းတိုင်းလွမ်းတယ် တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
နေပြည်တော် စက်တင်ဘာ ၃
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်
ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday
Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက်
သောကြာနေ့ညပိုင်းတွင် “ မိုးသည်းတိုင်း လွမ်းတယ်” တေးဂီတဖျော်ဖြေပွဲကို
တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံ
ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် Dဖြိုး၊
ဒုံချပ်၊ ဈာန်ထူး၊ ရေဗက္ကာဝင်း၊ ရွှေထိုက်နှင့် နန်းခင်ဇေယျာတို့က ဝါခေါင်မိုးတို့
တဖြိုင်ဖြိုင်ရွာသွန်းဖြိုးမှုနှင့်အတူ ဝါခေါင်လ၏ သင်္ကေတဖြစ်သည့် ခတ္တာပန်းတို့ မွှေးကြိုင်နေသည့်
ဝါခေါင်မိုးနှင့်အပြိုင် လှမ်းလာမည့် ချစ်ပန်းရနံ့တို့ သင်းပျံ့နေမည့် တေးကဗျာများဖြင့်
ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
“မိုးသည်းတိုင်းလွမ်းတယ်”တေးဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၄ ရက် သောကြာနေ့
ည ၉ နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV
Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV
App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ
MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင်
စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments