အုတ်တွင်းမြို့နယ်၌ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် ဆောင်ရွက်မည့် တောင်သူများနှင့် တွေ့ဆုံ
အုတ်တွင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌
သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်၊ စီမံကိန်းများ
ဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းရှိ တစ်ဆက်တစ်စပ်တည်း ဧကရှိသည့် ဒေသခံတောင်သူများနှင့်
တွေ့ဆုံပွဲကို စက်တင်ဘာ ၁ ရက်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က
အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက စနစ်တကျ
တစ်ကွင်းတည်း၊ တစ်ဆက်တစ်စပ်တည်း ဧကရှိသည့် ဒေသခံတောင်သူများနှင့် သမဝါယမအသင်းသား တောင်သူများအား
သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သီးနှံများ စုပေါင်းဝယ်ယူမည်၊ စုပေါင်းရောင်းချမည်ဖြစ်ကာ
ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် တောင်သူများအနေဖြင့် မြေယာဝန်ဆောင်ခ
ရရှိမည့်အပြင် ထည့်ဝင်ထားသည့် ကုန်ကျစရိတ်အချိုးအတိုင်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောကြားသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments