ရပ်စောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

 


ရပ်စောက် စက်တင်ဘာ ၂၁

 

ရှမ်း​​ပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် သမဝါယမအသင်းစုရုံးခန်းမ၌ မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၁၉ ရက်က ကျင်းပသည်။

 

အစည်းအဝေးတွင် အသင်းသဘာပတိ ဦးအောင်သန်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) အသင်းစုချုပ် အုပ်ချုပ်မှုဒါရိုက်တာက အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေတို့ကို ပြောကြားကာ အသင်းအတွင်းရေးမှူး၊ အုပ်ချုပ်မှု ဒါရိုက်တာ၊ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ် အစီရင်ခံစာ၊ အမှာစာ၊ အသင်းစည်းကမ်းပြင်ဆင်သည့် အမှာစာတို့ကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။

ဝိုးတောင်း

No comments

Powered by Blogger.