လုမ္ဗိနီ
စာရေးသူ မောင်သံငြိမ်းရေးသားသည့် လုမ္ဗိနီစာအုပ်ထွက်ရှိလာသည်။
ဤစာအုပ်ကို ရှင်တော်ဂေါတမ မြတ်ဗုဒ္ဓ
အလောင်းအလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တည်ရှိသော နီပေါနိုင်ငံသို့
စာရေးသူ ၁၉၉၁ ခုနှစ်တွင် သံအမတ်ကြီးအဖြစ် ရောက်ရှိတာဝန် ထမ်းဆောင်စဉ် လုမ္ဗိနီဒေသအကြောင်း
စာအုပ်စာတမ်းများကို ဖတ်ရှုမိရာမှ စာတမ်းအဖြစ် ပြုစုခဲ့ပြီး သံရုံးဝန်ထမ်းတစ်ဦး အမည်ခံ၍
၁၉၉၂ ခုနှစ်တွင် စာအုပ်အဖြစ် ရေးသားဖြန့်ချိခဲ့သည်။
ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊
၂၀၁၃ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်
စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်၊ ယခု ၂၀၂၆
ခုနှစ် ဩဂုတ်လတွင် ဆဋ္ဌမအကြိမ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။
ဤစာအုပ်တွင် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်တွင်
(ဖွား၊ ပွင့်၊ ဟော၊ စံ) ဟူသည့် သံဝေဇနိယလေးဌာနရှိသည့် အနက် ဖွားမြင်သည့် လုမ္ဗိနီဥယျာဉ်
တည်ရှိရာ နီပေါနိုင်ငံဖြစ်သဖြင့် ဖွားမြင်တော်မူခြင်းနှင့် ဆက်စပ်ရာကိစ္စများကို ရေးသားဖော်ပြ
ထားသည်။ အဆိုပါစာအုပ်ကို ဂျူတီ စာပေက ထုတ်ဝေဖြန့်ချိထားသည်။
ကြေးမုံ

No comments