(၅၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုချန်ပီယံရှစ်တွင် မြန်မာနိုင်ငံက ရွှေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိ



ရန်ကုန် စက်တင်ဘာ ၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည့် (၅၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။


ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ဖြစ်ကြသည့် နေမျိုးထွဋ်က Men's Sports Physique up to 170 cm ပြိုင်ပွဲ၌လည်းကောင်း၊ ဟိန်းဇော်လင်းက Men's Bodybuilding up to 65 kg ပြိုင်ပွဲ၌လည်းကောင်း ရွှေတံဆိပ်နှစ်ခုကို အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။ Men's Bodybuilding up to 60 kg ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အောင်ထွဋ်က ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကာ Women's Swimsuit Model Physique up to 165 cm ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မီမီကျော်နိုင်မှာ အဆင့် (၇) ဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

နေမျိုး

No comments

Powered by Blogger.