အိန္ဒိယနိုင်ငံ၏လက်ကားဈေးနှုန်းညွှန်းကိန်း သြဂုတ်လတွင် ၉ ဒသမ ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်



စက်တင်ဘာ ၁၅

အိန္ဒိယနိုင်ငံ၏ လက်ကားဈေးနှုန်းညွှန်းကိန်းသည် သြဂုတ်လတွင် ၉ ဒသမ ၉၂ ရာခိုင်နှုန်းအထိ အနည်းငယ် မြင့်တက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ယမန်နေ့ကထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

အဆိုပါကုန်ပစ္စည်းအားလုံး၏ ဈေးနှုန်းညွှန်းကိန်း WPI သည် ဇူလိုင်လတွင် ၁၁၀ ဒသမ ၀ ရှိခဲ့ရာမှ သြဂုတ်လတွင် ၁၁၀ ဒသမ ၈ အထိမြင့်တက်ခဲ့သည်။

ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ အခြေခံကုန်ပစ္စည်းများ၊ လောင်စာဆီနှင့် စွမ်းအင်၊ ထုတ်လုပ်ပြီးကုန်ပစ္စည်းများအတွက် နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၇၆ ရာခိုင်နှုန်း၊ ၂၂ ဒသမ ၉၃ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၃၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်ဟု သိရသည်။

၂၀၂၆ ခုနှစ် သြဂုတ်လတွင် WPI ငွေကြေးဖောင်းပွမှုကို အဓိက တွန်းတင်ခဲ့သည့် ကဏ္ဍများမှာ ရေနံထွက်ပစ္စည်းများပါဝင်သည့် သတ္တုဆီများ၊ အစားအသောက်ကုန်ပစ္စည်းများ၊ အစားအသောက်ထုတ်လုပ်ရေး၊ အခြေခံသတ္တုထုတ်လုပ်ရေး၊ အစားအသောက်မဟုတ်သော ကုန်ပစ္စည်းများနှင့် ဓာတုပစ္စည်း/ဓာတုထုတ်ကုန်များ ထုတ်လုပ်ရေးတို့ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစားအသောက်ကုန်ပစ္စည်းများနှင့် ထုတ်လုပ်ပြီးအစားအသောက်ထုတ်ကုန်များပါဝင်သည့် အစား အသောက်ညွှန်းကိန်းသည် ဇူလိုင်လတွင် ၆ ဒသမ ၆၅ ရာခိုင်နှုန်းရှိခဲ့ရာမှ သြဂုတ်လတွင် ယခင်နှစ်ကထက် ၇ ဒသမ ၀၅ ရာခိုင်နှုန်းစံချိန်တင်မြင့်တက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.