ပွင့်ဖြူမြို့နယ်၌ စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

 


ပွင့်ဖြူ စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေး အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာ ၂၀ ရက်က ရွှေဘိုရွာသစ်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုသုံးစွဲခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

 

ထို့နောက် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၁၈၈ စုအား စွမ်းအားမြှင့် အေဝမ်းမီးဖိုတစ်လုံးစီ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments

Powered by Blogger.